ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားလေးဆိုလဲ မှားနိုင်မယ် မထင်ပါဘူး ... ဒိတ်ဒိတ်ကြဲ မင်းသား ၆ ယောက် နဲ့ မင်းသမီးချောလေး တယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ ....
K မင်းသားလို့လူတိုင်းသိများပြီး အီဂျီမဲ သူခိုးကားမှာအရမ်းနာမည်ကြီးခဲ့တဲ့ မင်းသား Lee Jun Ki က စတုတ္ထမင်းသား အဖြစ်လည်းကောင်း ... Kang Ha Neul က ရှစ်ယောက်မြောက် မင်းသားလေး အဖြစ်လည်းကောင်း ... Hong Jong Hyun , Byun Baekhyum , Nam Joo Hyuk , Ji Soo တို့က သုံးယောက်မြောက် ၁၀ ယောက်မြောက် ၁၃ ယောက်မြောက် ၁၄ ယောက်မြောက်မင်းသားများ အဖြစ်လည်းကောင်း အဓိက ပါဝင်သရုပ်ဆောင်ထားသည့်အပြင် ချစ်စရာကောင်းတဲ့အဆိုတော်မလေး IU ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲ " Moon Lovers : Scarlet Heart Ryeo " မထွက်ခင်ထဲက လူတိုင်း ပါးစပ်ဖျားမှာရေပန်းစားနေပြီး ... လူတိုင်းအရမ်းလည်းကြည့်ချင်နေတဲ့ ကားလေးဖြစ်ပါတယ် ... Chinese Novel ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး အစအဆုံး ရိုက်ကူးပြီးမှထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ... တကယ်ကြည့်လို့ကောင်းမယ်ဆိုတာ သေချာပါတယ် ..
ဇာတ်လမ်းအကျဉ်းလေးကတော့ - ၂၁ ရာစုက ကောင်မလေး.. ဂိုဟေဂျင်း ( IU ) ဟာ ကလေးတစ်ယောက်ရေနစ်တာကိုဆင်းကယ်တဲ့အချိန် ... ပြီးပြည့်စုံတဲ့ နေကြတ်ခြင်းဖြစ်ပွားသွားပြီး ... ၉၁၈ ခုနှစ် ထယ်ဂျိုဘုရင်လက်ထက် ဂိုလျောခေတ် ရဲ့ ဆုန်းဒက်ပြည်ကိုပြန်ရောက်သွားခဲ့ပါတယ် ... ဟေဆိုးလို့ခေါ်တဲ့ ၁၆ နှစ်အရွယ်မိန်းကလေးအဖြစ်နဲ့ မင်းသားတွေရေချိုးနေတဲ့ ရေကန်ထဲမှာ ရောက်လာခဲ့တဲ့အခါ.. ငယ်ငယ်ချောချော မင်းသားလေးတွေနဲ့ ဘယ်လို ပြသနာတွေဖြစ်ကြမလဲ ?
အဲ့မင်းသားတွေထဲကမှ.မျက်နှာတစ်ခြမ်းကိုဖုံးထားတဲ့ လေးယောက်မြောက် မင်းသားဝမ်ဆို...( Lee-Joon Gi) မြေခွေးဆိုတဲ့ နာမည်နဲ့လူတိုင်းကကြောက်ရတဲ့ မင်းသားနဲ့ ဘယ်လိုမျိုး မေတ္တာသက်ဝင်သွားမှာလဲ... ချောမောတဲ့ မင်းသားတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီး ... နန်းတွင်း ထီးနန်းလုတဲ့ အရှုပ်တော်ပုံတွေကြားမှာ ... ဟေဆိုးတစ်ယောက်ဘယ်လို ဖြတ်သန်းမလဲဆိုတာ ... ပရိတ်သတ်ကြီးကိုယ်တိုင် ကြည့်ရှလိုက်ပါဦး..နော်
Country : South Korea
Genre : Fantasy , Historical , Melodrama , Romance , Youth
Type : Series
Episodes : 20
Translator : ^Amy^
Encoder : LoL
တိုက်ရိုက်ကြည့်ရန် Download Link
================ ================
Credit to Myanmar Asian TV Channel