Latest Movie :
Recent Movies

AD

A Chinese Odyssey Part1&2: Pandora's Box


ဟုတ်ပါတယ် ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေအားလုံးနှစ်သက်ကြရတဲ့ နာမည်ကျော်မင်းသားကြီး Stephen Chow က Journey to the west ဆိုတဲ့ တရုတ်ရိုးရာဇာတ်တော်ကြီးကို ပြန်လည်ဆန်းသစ်ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။

မတူတာကတော့ ဇာတ်လမ်းကျောရိုးက အနောက်အရပ်သို့ ကျမ်းဂန်တွေသွားရောက်ပင့်ဆောင်ခြင်းမပြုမှီ စွန်းဝူခုန်းရဲ့ အရိုင်းစိုင်းမျောက်ဘ၀ ထိုမှတစ်ဖန် လူဘ၀ပြန်ဝင်စားပြီး လူဘ၀နဲ့ကျင်လည်ကျက်စားပုံတွေ မိစ္ဆာမလေးတစ်ယောက် နဲ့ ဘုံကြိုးပြတ်နတ်သမီးတစ်ယောက်ရဲ့ကြားမှာယောက်ယတ်ခပ်အောင် ဗျာများနေရပြီးရသစုံအချစ်ဇာတ်လမ်းလေးတွေပေါက်ဖွားလာပုံတွေကို တွေ့ရမှာပါ

ထို့အပြင်ပဲ ဆရာတော်ဟာလည်း ပါရမီမရင့်သန်မီမှာ စကားအလွန်များပစိပစပ်အလွန်နိုင်တဲ့ ဘုန်းကြီးတစ်ပါးအဖြစ်ကျင်လည်ခဲ့ရပုံ တွေ ကို မင်းသားကြီး Stephen Chow ရဲ့ထုံးစံအတိုင်း ခပ်တည်တည်နဲ့ ဟာသလေးတွေနှောကာရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ စွန်းဝူခုန်း တစ်ဖြစ်လဲ ကျင်းရှောင်လင် တစ်ယောက် သူရဲ့အချစ်ရဆုံးမိန်းကလေး ဟာဘယ်သူဆိုတာနဲ့ လောကကြီးရဲ့အကျိုးသယ်ပိုးဖို့အတွက် စွန်းဝူခုန်း ဘ၀ကိုပြန်လည် ရွေးချယ်ရင် သူနဲ့ပတ်သက်တဲ့မိန်းကလေးနဲ့လည်းကွဲရမှာဖြစ်တာကြောင့် သူဘာကိုရွေးချယ်မှာလဲ ဆိုတာကိုလည်း ရင်တမမနဲ့ကြည့်ရမယ့်အပြင် စိတ်ကိုလည်း အားမလိုအားမရဖြစ်ကာမရိုးမရွဖြစ်စေတဲ့ရသ ကိုလည်း ပေးနိုင်စွမ်းရှိတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။


ဇာတ်လမ်းအကျဉ်းကိုတော့မပြောတော့ပါဘူး။Stephen Chow ကိုကျွန်တော် ယုံကြည်သလို ဒီဇာတ်ကားဟာလည်း အားလုံးငြင်းစရာမလိုအောင်ကြိုက်ကြမယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် အထွေထူးညွှန်းမနေတော့ပါဘူး။ Chinese Odyssey Part 1: Pandora Box က Imdb Rating 7 .9 ထိရရှိထားပြီးတော့ ဒုတိယပိုင်းဖြစ်တဲ့ Chinese Odyssey Part 2 : Cindrella ကတော့ Imdb Rating 8.1 ထိတောင်ရရှိထားတာပါ။


ဒီဇာတ် ကား လေးကို အရင်က အပြင်က အခွေဆိုင်တွေမှာ၊youtubeပေါ်တွေမှာ ကြည့်ဖူးကြပေမဲ့ ရုပ်ထွက် သိပ်မကောင်းတာကြောင့်  ကျွန် တော် တို့ Channel Myanmar မှ Quality is our Priority ဆိုတဲ့အတိုင်း အားလုံးကို အ ကောင်းမွန် ဆုံးအရည် သွေး တွေ ပေးချင် တာ ကြောင့်  Bluray Quality နဲ့ ရှာဖွေပြီး  တင် ဆက် ပေးလိုက်ပါတယ် ။ အားလုံးအဆင် ပြေကြပါ စေခင် ဗျာ
ကျေးဇူးတင် ပါတယ် ခင် ဗျာ။

File Size         : 359 MB & 405 MB
Quality           : 360P HD
Running Time : 1hr 27 minute, 1hr 28 Minute
Format           : Mp4
Genre             : Action, adventure,Comdey
Encoder         : Joker.phs

Part 1

Part 2


Credit to channelmyanmar.org/

1920 London (2016) မြန်မာစာတန်းထိုး


– ဒီနေ့အတွက်တော့ ချောက်ချားစရာ အိန္ဒိယဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားက ပြီးခဲ့တဲ့နှစ်တွေတုန်းက လူကြိုက်များခဲ့တဲ့ 1920 ဆိုတဲ့ ဇာတ်ကားရဲ့ ဒုတိယတွဲဖြစ်ပါတယ် ။ရှီဗန်ဂီဆိုတဲ့ အမျိုးသမီးဟာ  သူ့ချစ်သူနဲ့အိမ်ထောင်ကျပြီး မကြာခင်မှာပဲ ယောက်ျားဖြစ်သူ ဗီးယားကဟာ အဖျက်အမှောင့်တစ်ခုကြောင့် ရောဂါဆိုးတစ်ခု စွဲကပ်ခဲ့ပါတယ်။

သူ့ရဲ့ရောဂါဟာ ရုပ်အင်္ဂါတွေ ပြောင်းလဲပြီး ကြောက်စရာအသွင်ဖြစ်သွားခဲ့လို့ ဆေရုံတင်ပြီးကုသခဲ့ပေမယ့်မပျောက်ကင်းတာကြောင့် နောက်ဆုံးမှာ ပယောဂဆရာတစ်ဦးရဲ့ အကူအညီကိုရယူရပါတယ်။အဲ့ဒီပယောဂဆရာက ရှီဗန်ဂီရဲ့ ချစ်သူဟောင်းတစ်ယောက်ဖြစ်ပြီး သူ့အကူအညီကို မယူလို့  မဖြစ်တာကြောင့် နောက်ဆုံးမှာ သူကိုယ်တိုင်အကူအညီတောင်းခဲ့တာကြောင့် ချစ်သူဟောင်းဂျေးဟာ သူ့ကိုကူညီဖို့ဖြစ်လာပါ တယ်။တကယ်တော့ ဂျေးနဲ့ရှီဗန်းဂီးတို့ နှစ်ဦးကြားမှာ ချစ်သူဘ၀က အထင်လွဲစရာ ပြဿနာ ကြီးကြီးမားမားဖြစ်ခဲ့ပြီး လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်

။ဂျေးဟာ ချစ်သူဟောင်းရဲ့ ယောက်ျားကို ကူညီဖို့သူကိုယ်တိုင်သွားကြည့်တဲ့အခါမှာတော့ အဲ့ဒီလူမှာ မကောင်းဆိုးရွားတစ်ကောင် ကပ်တွယ်နေပြီး အဲဒီ မကောင်းဆိုးရွားကပ်တွယ်နေတဲ့ ခန္ဓာကိုယ်ဟာ သေလုမြောပါးဖြစ်နေပါတယ်။ဒီအခြေအနေမှာ ဂျေးက အဲဒီ မကောင်းဆိုးရွားကို ဖယ်ထုတ်ဖို့ သူ့ချစ်သူဟောင်းနဲ့ အတူကြိုးပမ်းတာဖြစ်ပါတယ်။ 

ဒါပေမဲ့ ဒီဇာတ်လမ်းက ဒီလောက် တော့ မရိုးစင်းပါဘူး။ ဒီအမျိုးသားကို တွယ်ကပ်နေတဲ့ မကောင်းဆိုးရွားဟာ တစ်စုံတစ်ဦးရဲ့ စေခိုင်းမှုကြောင့်ဖြစ်ပြီး အဲဒီသူကိုတော့ ဇာတ်လမ်းရဲ့တစ်ဝက်လောက်မှာမှသိရတာ ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ နာမည်ကျော် 3 IDIOT ဇာတ်ကားထဲက သူငယ်ချင်းအဖြစ် သရုပ်ဆောင်တဲ့ ရှာရ်မန်းဂျိုရှိက အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။

(ရုပ်ရှင်အညွှန်းကို 7daydaily မှကူးယူဖော်ပြပါသည်။)

File size…(999MB)
Quality….DVD-Rip 720p
Format…mp4
Duration….01:58:36
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Download Link
================


Credit to channelmyanmar.org/


Now You See Me 2 : 2016 မြန်မာစာတန်းထိုး


အားလုံးစောင့်မျှော်နေတဲ့ ၂၀၁၆ ရဲ့ နာမည်ကြီး ဇာတ်ကား တစ်ကားဖြစ်တဲ့
Now You See Me 2 ဆိုတဲ့ စိတ်ဝင်စားစရာ ပဉ္စလက်ပညာရှင်လေးဦး ရဲ့ မျက်လှည့် ပြကွက်တွေကို တင်ဆက်ထားတဲ့ ရုပ်ရှင်ကားကို အခုလေးပဲ ဘာသာပြန်ဆိုမှု ပြီးသွားတဲ့အတွက် CM ချစ်သူတွေကြည့်လို့ရပါပြီ ရှင်ဒီကားရဲ့ ပထမဆုံးကား Now You See Me မှာ တုန်းက အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ မြင်းစီးသမားလေးယောက်တို့ ရဲ့ မျက်လှည့်ပြကွက်တွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့ပြီးတော့ အခု ဒုတိယမြောက်ကားမှာလဲ မြင်းစီသမား လေးယောက်လုံးပြန်လည် သရုပ်ဆောင်ထားပါတယ်ပထမကားမှာတုန်းက မိန်းကလေးမျက်လှည့် ဆရာအနေနဲ့ ဟန်လေပါဝင်ခဲ့ ပေမဲ့ အခုတော့ ဟန်လေ အစား ငပြောင်မလေး လူလာက ပါဝင်ထားပါတယ်..

မြင်းစီးသမားတွေနဲ့ အက်ဖ်ဘီအိုင် အေးဂျင့် ဒိုင်လန်တို့ ဆော့ဖ်ဝဲ ကုမ္ဗဏီ အော့တ်တာ ရဲ့ စီအီးအို အိုဝင်အကြောင်းကို ဖော်ထုတ်ဖို့ လုပ်ဆောင်ခဲ့တဲ့ ပွဲမှာ မမျှော်လင့်ဘဲ မြင်းစီးသမားတွေအားလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေ အားလုံး ဖော်ထုတ်ခံလိုက်ရပါတယ်

ပထမကားမှာ သေသွားတဲ့ ဂျက် ၀ိုင်းလ်ဒါ တစ်ယောက်က တကယ်မသေသေးတဲ့ အကြောင်း.. အက်ဖ်ဘီအိုင် အေးဂျင့် ဒိုင်လန် ရုဒ်စ် ဟာ မြင်းစီးသမားအဖွဲ့ ၀င် တစ်ဦး ဖြစ်ကြောင်း ဖော်ထုတ်ခံရပြီးနောက် သူတို့တွေ ၀ရုန်းသုန်းကားနဲ့ ပြေးကြရရင်း လူဆိုးတွေ ဆင်ထားတဲ့ ထောင်ချောက်ထဲ တည့်တည့် တိုးဝင်မိရင်း မကာအိုကို ရောက်သွားပါတော့တယ်မကာအိုမှာ သူတို့ ဘယ်သူနဲ့ တွေ့ ပြီး ဘယ်လို အစီအစဉ် ဘယ်လို လှည့်ကွက်တွေနဲ့ လူဆိုးတွေကို အနိုင်ပိုင်းမလဲ ဆိုတာရယ်…ဒိုင်လန်နဲ့ မြင်းစီးသမား အဖွဲ့ သားတွေ ရဲ့ စိတ်ဝင်စားစရာ ဟာမိုနီကျကျ အကွက်ကျကျနဲ့ နောက်ဆုံးမျက်လှည့် အကွက်အတွက် ဘယ်လိုတွေ ခေါ်ဆောင်သွားမယ်ဆိုတာကိုတော့…..Now You See Me 2 ဇာတ်ကားမှာ ဆက်လက် ကြည့်ရှု ပေးကြပါလို့…ဘာသာပြန်ဖို့ အတွက် ပါဝင်ကူညီပေးတဲ့ ကျော်ကျော်ဇင်ဖြိုး (Little Neo) နဲ့ ကောင်းမြတ်သူ(seniorkaung)ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်(ဒီဇာတ်ကားကို Khin Cherry Hnin မှ ဘာသာပြန်တင်ဆက်ပေးပြီး ဇာတ်လမ်းအညွှန်းကိုပါ ရေးသားပေးထားပါတယ်)

Quality….bluRay 720P
Length…2 hours 9 mins
Format…mp4
File size…953MB (Big file) MB(Small file)
Subtitle….Myanmar Subtitle (Hardsub)
Translator…Khin Cherry Hnin
Encoder….Kaung Myat Thu

Download Link
================


Credit to channelmyanmar.org/

Now you see me(2013) မြန်မာစာတန်းထိုး


မျက်လှည့်ဆရာ(၄)ယောက်ရဲ့ရင်သပ်ရှုမောဖွယ်မျက်လှည့်များနောက်မှာ…
FBI ကဖမ်းမရတဲ့ ဘဏ်ဖောက်ထွင်းမှု…လက်စားချေမှု…ရာဇဝတ်မှုများ…..
လှည့်ကွက်များနဲ့ ဖမ်းစားသွားမယ့်ဇာတ်ကားလေးပါ…။
(Nyeinsaeya Aung @ 2:06PM , 2.4.2014) Now you see me ဆိုတဲ့ဇာတ်ကားက ကျွန်တော်တို့ Channel Myanmar အတွက်
အမှတ်တရအရှိဆုံးဇာတ်ကားဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ CM ကပထမဆုံးတင်ဆက်ခဲ့တဲ့ဇာတ်ကားဖြစ်လို့ပါ။
ဇာတ်ကားရဲ့ဆိုလိုရင်းလိုပဲ ရင်သပ်ရှုမောမှုတွေကို ပြသမယ်ဆိုတဲ့ နိမိတ်ကိုယူခဲ့တာဖြစ်ပြီး
Channel Myanmar ကို Now,You see me ပါ။File size…(853 MB)
Quality…Blu-ray Rip 720p
Format…mp4
Duration….02:04:48
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Download Link
================
download click with Google Drive Small File (415 MB)


Credit to channelmyanmar.org/

Batman :The Killing Joke(2016) မြန်မာစာတန်းထိုး


ဒီလောကကြီးထဲမှာ လူရယ်လို့ဖြစ်လာခဲ့ပြီဆိုရင် လောကဓံရဲ့ရိုက်ချက်တွေကံတရားရဲ့ ကစားကွက်တွေ
ချစ်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့ခံစားမှုရဲ့ ဒဏ်တွေကို တစ်ခုမဟုတ်တစ်ခုကတော့ အလူးအလဲ
ခံစားကြဖူးကြမှာပါပဲ

ဒီလို နာကျင်မှုတွေ ထိုးနှက်ချက်တွေကြားမှာ လူသားတစ်ယောက်အနေနဲ့ ကြံ့ကြံ့ခံ ရပ်တည်နေနိုင်ပါ့မလား
ဒါမှမဟုတ်အရှုံးပေး လက်မြှောက်လိုက်မလား…?
ဒါမှမဟုတ် အရာအားလုံးကို နာကျည်းမုန်းတီးသွားမလား…?

ဒီဇာတ်ကားထဲမှာတော့
Batman ရဲ့ အဓိကရန်သူတော် Villain ကြီး
Joker ဟာ သူဖြတ်သန်းခဲ့ရတဲ့ လောကဓံရဲ့

ရိုက်ချက်တွေ သူ့အပေါ် ပြင်းထန်ခဲ့တဲ့ အခါမှာ
သူ့ရဲ့ကျရှုံးမှုတွေ နာကျင်မှုတွေ ကနေ
အရာအားလုံးကို နာကျည်း မုန်းတီးသွားခဲ့ပြီး ရူးသွပ်စွာ ရက်စက်တတ်တဲ့ သူတစ်ယောက်အဖြစ်ကို
အသွင်ပြောင်းသွားခဲ့ပါတယ်
နောက်ပြီး Joker ဟာ သူ့လိုပဲ လူတိုင်းဟာ
စိတ်ဒါဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့ ရင် ရူးသွပ်သွားမှာပဲ
ဆိုတဲ့ အချက်ကို သက်သေပြဖို့အတွက် ဘယ်လို ဘယ်ပုံတွေ
ရက်စက် အကွက်ချ လုပ်ပြမလဲဆိုတာကတော့ ဒီဇာတ်ကားရဲ့အဓိက ဇာတ်အိမ်ပဲဖြစ်ပါတယ်
မြင်ရခဲတဲ့ Jokerရဲ့နောက်ကြောင်းရာဇဝင်ကို ဒီကားထဲ
မှာမြင်တွေ့ရမှာဖြစ်ပြီး
Batman နဲ့ Joker ရဲ့ကြားထဲက relationship ကို
လေးလေးနက်နက်ပုံဖော်ပြထားပါတယ်1988 ခုနှစ်ကထွက်ရှိခဲ့တဲ့The Killing Joke comic
ကိုအခြေခံပြီးရိုက်ကူး ထားတဲ့ဒီဇာတ်ကား ဟာ
အချိန်ကန့်သတ်ပြသပေမယ့်လဲ ပြသခဲ့တဲ့ နှစ်ရက်အတွင်းမှ
3.8သန်းအထိဝင်ငွေရရှိခဲ့ပြီး Box-Office ရဲ့
တတိယနေရာမှာ ခေတ္တရပ်တည်နိုင်ခဲ့ပါတယ်IMDb rating အနေနဲ့ 6.8/10ရရှိထားလို့
ဇာတ်ကားကောင်းတစ်ကားအနေနဲ့ညွှန်းပေးပါရစေဇာတ်ကားကို အသေအချာ ဘာသာပြန်ပေးထားပြီး (အထူးသဖြင့် Joker ရဲ့ ဒဿန ဆန်ဆန်
ဒိုင်ယာလော့ခ် တွေ) အညွှန်းရေးပေးသူကတော့ ကိုHan Htoo Zaw ပဲ ဖြစ်ပါတယ်။

File Size   : 475 MB small file (296 MB)
Quality     :720P HD
Format     : MP4
Encoder   : Kaung Myat Thu
Translator: Han Htoo Zaw
Running Time : 1hr 19 minute

Download Link
================


Credit to channelmyanmar.org/

Zoolander2 (2016) မြန်မာစာတန်းထိုး


ကဲဒီတစ်ခါတော့ ရီစရာ ဟာသကားလေးတစ်ကားဖြစ်တဲ့Zoolander 2 နဲ့ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေဇာတ်ကားလေးကတော့ ပထမ ၁ လိုပဲ ခပ်မြုးမြုးဟာသကားလေးပါပထမကား ၁မှာ ခွဲခါသွားရတဲ့ သူငယ်ချင်းနှစ်ယောက်ပြန်ဆုံတဲ့အခါမှာတော့ဘယ်လိုတွေများ အလွဲလွဲအမှားမှားတွေဖြစ်ပျက်ခဲ့ကြသလဲနာမည်ကြီးမင်းသမီးကြီးသေဆုံးမှုကနေကော လွတ်မြောက်နိုင်ပါ့မလားသတ်တဲ့သူက ဘယ်သူလဲ စတဲ့မေးခွန်းတွေနဲ့ ဟာသဇာတ်မြူးကားZoolander 2 အသေလန်းတဲ့ ကား Zoolander 2ကဲ ပရိတ်သတ်ကြီးက အောက်မှာ ဆက်ပြီးကျိလိုက်ကြ တော့နော်

File Size : 414 MB
Quality   : HD
Format   :MP4
Running Time : 1hr 41 minute
Download Link
================


Credit to channelmyanmar.org/

Cellular (2004) မြန်မာစာတန်းထိုး


အန်းဒရိုက် ဖုန်းများမ ပေါ် သေးမှီ လွန် လေပြီး သောအတိတ် ကာလတစ် ခု သောအခါ၌ ဆယ် လူလာဆို သောမိုလဗိုင်းလ် ဖုန်းများ ကြီးစိုးမင်းမူ နေ သောအချိန် ဗမာပြည် မှပြည် သူပြည် သားများ JXDဆို သော တလုတ် နိုင် ငံထုပ် Mp4 ကိုကိုင် နိုင် ရုံမျှဖြင့်  အ ကောင် ဖြစ် နေ သည့်  တစ် ခု သောကာလ၌ အနှီဆယ်လူလာကားသည် ကား ကျွန် နုပ် တို့ တန်းတန်းစွဲ ခေတ် စားခဲ့သည် ဆိုသတတ်၎င်းဆယ်လူလာ ဇာတ် ကားသည် ကား ` 2004 ခုနှစ် မှာ ရုံတင် ခဲ့တဲ့ သည် ဇာတ် ကားဟာ IMDb 6.5 ရှိခဲ့ပါတယ် action . crime နဲ့ thriller အမျိုးအစားဖြစ် ပြီး ကျ နော် တို့ အရမ်းကြိုက် ခဲ့ရတဲ့ Transpoter မင်းသားကြီး Jason Statham ဟာဗီလိန် နေရာက နေသရုပ် ဆောင် ထားပါတယ် ခု နောက် ပိုင်း captain america ဇာတ် လမ်းနဲ့ နာမည် ကြီးလူသိများလာခဲ့တဲ့ မင်းသား ချော Chris Evans ဟာ မင်းသား နေရာက နေ သရုပ် ဆောင် ထားခဲ့ပါတယ်။

ဇာတ် လမ်း အကျဉ်းကို ပြေားရရင် တော့ ဘာမှန်းမသိရပဲ ပြန် ပေးဆွဲတာကိုခံလိုက် ရတဲ့ ကျောင်းဆရာမတစ် ယောက် ဘဝကိုဘာအပူအပင် မှမရှိပဲ ပေါ့ ပေါ့ပါးပါးဖြတ် သန်း နေခ့တဲ့ လူငယ် လေးတစ် ယောက် ရောင်း ချရမယ့်  တိုက် ခန်း နေရာကို ဗီဒီယိုရိုက် ကူး နေရင်း မှားယွင်းတဲ့အဖြစ် အပျက် တစ် ခုကို မှတ် တမ်းတင် မိသွားခဲ့ အိမ် ခြံ မြေအကျိုး ဆောင် အိမ် ထောင် ဦးစီးတစ် ယောက် ၂၇ နှစ် ကြာ တာဝန် ထမ်း ဆောင် ခဲ့ရလို့အလုပ် ကို ညီး ငွေ့ နေပြီးအညိမ်းစားယူ တော့မယ့်  ရဲအရာ ရှိတစ် ယောက် နေရာ ပေါင်းစုံ မတူညီတဲ့လူ ပေါင်းစုံတို့နဲ့ ဖွဲ့စည်းလိုက် တဲ့အခါမှာ တော့ Cellular ဆိုတဲ့ဇာတ် ကားဖြစ် ပေါ်လာခဲ့ပါတယ်။

ကြည့် ဖူးတဲ့သူ တွေပြန် ကြည့် ချင် ကြမှာကျိန်း သေသလို မကြည့် ရ သေးသူ တွေလဲ လက် မလွှတ် သင့် တဲ့ ဇာတ် ကား ကောင်းတစ် ခုပါ။

File Size : 672 MB small file (363 MB)
Quality   : 720P HD
Format   : Mp4
Encoder : Joker.phs
Running Time : 1hr 35 minute

Download Link
================


Credit to channelmyanmar.org/

The Legend Of Tarzan (2016) မြန်မာစာတန်းထိုး


ဒီဇာတ်လမ်းမှာ တာဇံနဲ့ဂျိန်းတို့ သူတို့ကြီးပြင်းလာခဲ့တဲ့ အာဖရိက ဘွန်မာ ကို ပြန်လာချိန်မှာ ဘုရင့်လူယုံ ရွမ် ရဲ့ မဟာအကြံအစည်ကြီးထဲမှာကြားညှပ်ပြီး ဂျိန်းကို ဖမ်းဆီးခေါ်သွားခံလာရတဲ့အခါ….ဂျွန် ကလေတန် အဖြစ် ပြောင်းလဲနေထိုင်နေခဲ့တဲ့ တာဇံဟာ သူ့ရဲ့ မူလဗီဇနဲ့စွမ်းအားတွေကို အကုန်အသုံးချပြီး ထောင်ချီတဲ့ စစ်တပ်ကို ပြန်လည်တိုက်ထုတ်ပြီး ဂျိန်း ကို ပြန်ကယ်တင်ဖို့ ကြိုးစားလာပါတော့တယ်။ အဲဒီအတွက် ရွန်ရဲ့ စစ်သားတွေ၊ ရန်သူတော်ဟောင်းကြီး မ်ဘွန်ဂါ အပြင် သူ့ကို စွန့်ခွာသူအဖြစ်သတ်မှတ်လိုက်တဲ့ လူဝံအုပ်စုတွေ ကြားထဲမှာ ရုန်းကန်ရင်း…….

ကျွန်တော့်အတွက်တော့ တာဇံရဲ့ စွန့်စားခန်းတွေနဲ့ တိရစ္ဆာန်တွေကို ငယ်ငယ်တုန်းကလိုပြန်ကြည့်ရတဲ့ အရသာကတော့ တကယ်ကို ပြည့်စုံတယ် ပြောရမှာပါပဲ။ မိတ်ဆွေတို့လဲ ခံစားနိုင်အောင် အကြည်ထွက်ထွက်ချင်း ဘာသာပြန်ပေးလိုက်ပါတယ်။

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Little Neo ပဲ ဖြစ်ပါတယ်)

File Size      : 881 MB-small filesize 248MB
Quality        : HD720p
New Upload : mmtvmovieplus


channelmyanmar.org/ မှကူးယူ၍ပြန်လည်တင်ပြသည်။

Maigret Set A Trap(2016)(မြန်မာစာတန်းထိုး)


အခု တင်ပေးတဲ့ ဇာတ်ကားထဲက မင်းသားကြီးကိုတော့ မြင်တာနဲ့ မှတ်မိကြမယ်ထင်ပါတယ်။ သူ့ကို မြင်လိုက်ရချင်းပဲ ဟာသကားလာပြီလို့ ရုတ်တရက်ထင်မိပါလိမ့်မယ်။ ဒီတစ်ခါတော့ မဟုတ်တော့ပါဘူး။ ဒီဇာတ်ကားကတော့ ပြင်သစ်စာရေးဆရာ Georges Simenon ရဲ့ စုံထောက်ဝတ္ထုကို ဆန်းသစ်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသားကြီး Rowan Atkinson(Mr.Bean) က စုံထောက်ကြီး မိုင်ဂရက် အဖြစ် သရုပ်ဆောင်ထားတာပါ။

ဇာတ်လမ်းအကျဉ်းမှာတော့ ပဲရစ်မြို့ရဲ့ မွန့်မာတေး လမ်းတွေပေါ်မှာ လူသတ်မှုတွေကို တစ်ယောက်တည်းက ကျူးလွန်ခဲ့တာ ၄ မှုဆက်တိုက် ရှိလာခဲ့ပေမယ့် ၅ လကျော်လာတဲ့ တိုင်အောင် သဲလွန်စလေး တစ်ခုတောင် မရခဲ့ပါဘူး။ အဲဒီအတွက် ရဲမှုးကြီး မိုင်ဂရက်အပေါ် ဖိအားတွေ ဆက်တိုက်ကျရောက်နေခဲ့ပါတယ်။ နောက်ဆုံး ၅ ခုမြောက် အမှုမှာတော့ မိုင်ဂရက်ဟာ အကြီးအကျယ်စွန့်စားပြီး လူသတ်သမားကို ထောင်ချောက်တစ်ခု ဆင်လိုက်ပါတယ်။ အဲဒီအကျိုးဆက်ကြောင့်ပဲ ပထမဆုံး အနေနဲ့ သဲလွန်စတစ်ခု ရလာပေမယ့် သူ့နေရာကိုပါ အစားထိုးပစ်ခံရတော့မယ် အခြေအနေကိုပါတစ်ဆက်တည်း ရောက်လာပါတော့တယ်။ သွေးအေးပြီးပါးနပ်တဲ့ လူသတ်သမားရဲ့ လှည့်ကွက်နဲ့ လူသတ်သမားရဲ့ စိတ်ကို နားလည်နိုင်ရင် သူ့ကို ဖမ်းနိုင်ပြီလို့ ယုံကြည်တဲ့ မိုင်ဂရက်တို့ ဘယ်လို အားပြိုင်ကြမလဲ ဆိုတာကို…….

ဒီဇာတ်လမ်းရဲ့ အစမှာတော့ Mr.Bean ကို မြင်လိုက်ချင်းချင်းပဲ ကြိုတွေးထားခဲ့သလိုပါပဲ ရယ်ချင်သလိုလို စိတ်နဲ့ ကြည့်မိတာပါပဲ။ ဒါပေမယ့် အချိန်လေး နည်းနည်းဆက်ကြည့်မိလိုက်တာနဲ့ သူဟာ ဟာသမင်းသားကြီးဆိုတာ မေ့သွားပြီး ဇာတ်ကားရဲ့ လေးနက်တဲ့ ဇာတ်လမ်းနဲ့ သရုပ်ဆောင်ချက်တွေထဲ မျှောသွားပါလိမ့်မယ်။ ဒီဇာတ်ကားထဲအဆုံးမှာ ကျွန်တော့်တွေးမိတာကတော့ အချစ်ဆိုတာချိုမြိန်တဲ့ သစ်သီးလေး တစ်လုံးဖြစ်ရင်တောင် အတ္တဆိုတဲ့အရာနဲ့ တွဲပြီးစားမိရင် အဆိပ်သင့်သွားပါလိမ့်မယ်ဗျာ။ အားလုံး ခံစားနိုင်ကြပါစေခင်ဗျာ။


File Size : 639 MB
Duration : 1:26:00
Quality : 720p HD
Translator: Littleneo
Encoder : Joker@phs
New upload mmtvmovieplus


Download Link
================


Credit to channelmyanmar.org/
 
Support : Copyright © 2016. MMTV Movie Plus - MMTV Movie Plus ကို 2016.8.20 ရက်နေ့ တွင်စတင်ဖွင့်လစ်ခဲ့သည်။
Proudly powered by Blogger